Pages

သီတဂူဆရာတော်(မဂ္ဂင်ရှစ်ပါး၁-၂)

Thursday 28 November 2013

တစ်ဖက်ကမ်းသို့ကူးခတ်ရာဝယ်





 
 
တ္တဝါတို့သည် သံသရာတွင်ကျင်လည် နေသူများးဖြစ်၏ ။သံသရာသည်အပြောကျယ်သော 

သမုဒ္ဒရာနှင့်တူ၏ သမုဒ္ဒရာသည်ဘေးဘျမ်း အတိပြီး၏ နှစ်သက်စရာမဟုတ် ။ သံသရာ 

တွင်ကျင် လည်ခြင်းသည် အပြောကျယ် သော သမုဒ္ဒရာတွင်လက်ပစ်ကူးခြင်းနှင့်တူ၏ ။ 

သမုဒ္ဒရာတွင် လက်ပစ်ကူးသူသည်ငြိမ်းချမ်းရာတစ်ဖက်ကမ်း ရောက် ရေးအတွက် 

အသေကောင်ပုပ်ကို တွေ့လျှင် လည်း အမှီတံကဲ ပြု၏ ၊သစ်တုံးကို တွေ့သောအခါလည်း 

အမှီတံကဲပြု၏။သို့ရာတွင်အသေကောင်ပုပ် ကိုတွေ့သောအခါစက်ဆုပ်၏ ။ 

စက်ဆုပ်သော်လည်း မစွန့်ပစ် ၊ သင့်သလိုအမှီတံကဲအဖြစ်အသုံးပြု၏ ၊ 

သစ်တုံးကို တွေ့သောအခါ ဝမ်းမြောက်၏ ဝမ်းမြောက်သော်လည်း မသိမ်းပိုက် ၊ သင့်သလို 

အမှီတံကဲအဖြစ် အသုံးပြု၏ ။သူ့အတွက် တစ်ဖက်ကမ်းရောက်ရေးသာ အဓိကဖြစ်သည် ။

အသေ ကောင်ပုပ်သည်လည်း အဓိကမဟုတ် ၊ သစ်တုံးသည်လည်းအဓိကမဟုတ် ၊ 

လက်ပစ်ကူးစဉ်ကာလ အတွင်း အသုံးပြုစရာ တန်ဆာပလာများသာဖြစ်၏ ၊

တစ်ဖက်ကမ်းကုန်းထက် သို့ရောက်ပါက အသုံးပြုစရာ တန်စာပလာများသည် 

ဘာမျှအသုံးမကျတော့ စွန်းပစ်ရမည်ချည်းဖြစ်၏ ။
 

( ဤသို့မြတ်စွာ ဘုရားသည် မူလပဏ္ဏာ ပါဋိတော်(၁၈၈)ကုလ္လောပမ သုတ်တွင် ဟောကြားတော်မူ၏)


မှတ်ချက် ။  ။  ဆရာကြီး ဦးရွှေအောင် ရေးသားထားသော ကုသိုလ်နှင့် အကုသိုလ် စာအုပ်မှ 

                   နှစ်သက်၍ ပြန်လည်ကူးယူဖေါ်ပြထားသောစာစုလေးဖြစ်ပါသည် ။ ထိုစာစုလေး

                   သည်လောကီ ဘက်တွင်ပါ အသုံးဝင် သောစုလေးဟုထင်မိပါသည်။
  
                    

         
                

Tuesday 26 November 2013

ငါးပါးသီလ



ငါးပါးသီလ

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။      -   သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။          -   သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ    
                                                                          ရှောင်ကြဉ်ပါ၏။

*ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။  - သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ
                                                                           ရှောင်ကြဉ်ပါ၏။

*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။               -  လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊

*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။  - သေရည် အရက်သောက်ခြင်းမှ
                                                                                      ရှောင်ကြဉ်ပါ၏။

                                               



ပါဏာတိပါတာ


ပါဏာတိပါတ အင်္ဂါ ၅-ပါး
အောက်ဖေါ်ပြပါ အင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ် ပျက်၏။
(၁) ပါဏ- သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ-သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊
(၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ-သက်ရန်လုံ့လပြုခြင်း
(၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း




 ပါဏာတိပါတ၏ ပယောဂ ၈-ပါး
ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်း တရားမျိုး ရှစ်ပါး၊

(၁) ဥဒိဿ ပယောဂ         -   သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ      -  သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု
                                      ပစ်ခတ်ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) သာဟတ္ထိက ပယောဂ   -  ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ   - သူတပါးကို စေခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ      -  အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့်   
                                       ပစ်ခတ်ခြင်း။
(၆) ထာဝရ ပယောဂ        -  အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း၊ဆေးဝါး
                                      အစီအရင် ထားခြင်း စသည့် အရာမျိုး၊  
(၇) ၀ိဇ္ဇာမယ ပယောဂ      -   ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့်   
                                      သေအောင်လုပ်ခြင်း။
(၈) ဣဒ္ဓိမယ ပယောဂ      -  မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး  - 
သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံ ရသော မကောင်းကျိုးမျာမှာ-
(၁) ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေ၊လက်၊ ဖ၀ါး၊မညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက် အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့်သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသောရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်း။

                                                အဒိန္နာဒါနာ

အဒိန္နာဒါနာ အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး -

(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။

ခိုးခြင်း ၂၅-ပါး

(၁) နာနာဘဏ္ဍ ပဉ္စကခေါ် ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ ပစ္စည်းဘဏ္ဍာ အမျိုးမျိုးတို့ကို
     အောက်ပါနည်း ငါးပါးဖြင့် ခိုးယူခြင်းမျိုး -
    
     (က) အာဒိနယ- ကျောင်း အိမ် မြေ ခြံစသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ
            စွဲဆိုခိုးယူခြင်း မျိုး၊ ပိုင်ရှင်က စိတ်လျော့ ၀န်ချ လိုက်လျှင် ပါရာဇိက၊
    (ခ)  ဟရဏ -သည်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆို စွပ်စွဲ၍
           ထမ်းဆောင် လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူ ခြင်းမျိုး၊ သူ့ကိုယ် ပေါ်မှ   
           ချလိုက်သည်နှင့် ပါရာဇိက၊
    (ဂ)  အ၀ဟရဏ - သူတစ်ပါးခေတ္တအပ်နှံထားသော သူပိုင်ဥစ္စာဘဏ္ဍာကို မအပ်ပါဟူ၍ လည်း
          ကောင်း  ငါ့ဥစ္စာ ဖြစ်သည် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း၊ လိမ်ညာ ပြော
ဆိုလျက်ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ ၀န်ချသည်နှင့် ပါရာဇိက၊

 
        (ဃ) ဣရိယာပထ၀ိကောပန - ထမ်းပိုးဆောင်ရွက်လာသောသူတစ်ပါးဥစ္စာကိုထမ်း ဆောင် လာ
                သူနှင့် တကွ ထမ်းလာသည့် ဥစ္စာ ကိုပါ ခိုးယူ အံ့သော အကြံဖြင့် ပစ္စည်းရော လူပါ
                ခိုးယူခြင်းမျိုး၊ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယ ခြေလှမ်းကြွ သည်နှင့် ပါရာဇိက၊
        (င)  ဌာနာစ၀န -  သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူ လိုစိတ်ဖြင့် မူလနေရာမှ ရွေ့အောင်
               ကြွအောင် လုပ်ခြင်း မျိုး၊ ရွေ့သည် ကြွသည်နှင့် ပါရာဇိက ကျတော့၏၊

(၂)  ဧကဘဏ္ဍ ပဉ္စက- ဤ၌ သက်ရှိ သ၀ိညာဏကဖြစ်သော ဘဏ္ဍာကိုသာ ယူရသည်၊
      ခိုးယူခြင်းနည်း ငါးပါးမှာ နာနာဘဏ္ဍပဉ္စကအတိုင်း အာဒိနယ ဟရဏ အ၀ဟရဏ
      ဣရိယာပထ ၀ိကောပန ဌာနာစ၀န နည်းတို့ဖြင့် အတူတူပင်မှတ်လေ၊ ဧကဘဏ္ဍ ပဉ္စကပြီး၏။
(၃)  သာဟတ္ထိက ပဉ္စက - ဤ၌ သက်မဲ့ဖြစ်သော အ၀ိညာဏကပစ္စည်းကို ပိုင်ရှင်မပေးပဲ  
      အောက်ပါငါးနည်း ဖြင့် ခိုးယူခြင်းမျိုး -  
       (က) သာဟတ္ထိက - မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
      (ခ)    အာဏတ္ထိက -  ဤသူ၏ဘဏ္ဍာကို သွားခိုးချေဟုစေခိုင်းခြင်းမျိုး၊
      (ဂ)   နိဿဂ္ဂိယ- ကင်းခွန် အကောက်တော်စသည် မပေးရအောင် ဤဖက်နယ်ခြားမှ
             ထိုဖက်နယ်မြေသို့ ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ သို့မဟုတ် တစ်နည်း နည်းဖြင့်
             ကြံဆ၍ ခိုးယူသွားခြင်းမျိုး၊
     (ဃ)  အတ္ထ သာဓက- ထိုသူ၏ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်းနိုင်တဲ့ အခါကို စောင့်ပြီး ခိုးယူ
             လိုက်ရ မည်ဟု စေခိုင်း ထားလျက် ခိုးယူ စေခြင်းမျိုး၊   
      (င)  ဓုရ နိက္ခေပတရား၌စွဲ၍ယူခြင်း- လိမ်ညာလှည့်ပတ်၍ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ၊
            ငါ့ဥစ္စာတော့မရတော့ ပါဘူးဟု ၀န်ချလိုက်ခြင်းမျိုး၊ သာဟတ္ထိက ပဉ္စက ပြီး၏။
 (၄) ပုဗ္ဗ ပယောဂ ပဉ္စက- အရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါနည်း ငါးမျိုးဖြင့် ခိုးယူခြင်း။
       (က)  ပုဗ္ဗ ပယောဂ- ၎င်းင်းခိုးနည်းကား အာဏတ္ထိကနှင့် သဘောတူဖြစ်၏၊
       (ခ)  သဟပယောဂ-လယ်မြေ ခြံမြေစသည်ကို နယ်ခြား မှတ်တိုင်ငုတ် စသည်ကို နုတ်၍
              ရွှေ့ပြောင်း စိုက်နှက် ခိုးယူခြင်း၊
      (ဂ)   သံဝိဓါ ၀ဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ် အခါက
            သဘောတူ ပါသူသည် ခိုးရာ၌ ပါပါ မပါပါ ပါရာဇိက၊
     (ဃ)  သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သား ချိန်းချက် လျက်
             ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်း ခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်း
             အတိုင်း ခိုးယူသော် ပါရာဇိက၊
     (င)  နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်းစသော အမှတ် နိမိတ် သညာ တစ်ခုခု
           ထား၍ ခိုးခိုင်းခြင်း မျိုး၊ နိမိတ် ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးငြားအံ့ နိမိတ် ပြသူ
            ပါရာဇိက၊

(၅)     ထေယျာ ၀ဟာရ ပဉ္စက- ပိုင်ရှင်မပေးသော ပစ္စည်းဘဏ္ဍာကို အောက်ပါ နည်း ငါးမျိုးဖြင့် ခိုးယူ
           ခြင်းမျိုး-
(က) ထေယျာ ၀ဟာရ- နံရံစသည် ဖေါက်ထွင်း ဖွင့်ဖြဲ၍ ခိုးခြင်း၊ တောင်းတင်း ချိန်  အလေးစသည်တို့ကို စဉ်းလဲ ကောက်ကျစ်၍ ခိုးယူ ခြင်းမျိုး၊
(ခ) ပသယှာဝဟာရ- နိုင်ထက် စီးနင်း ပြု၍ ယူခြင်း၊ ဓါးပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာ တို့သည် ရသင့်သော အခွင့်ထက် အာဏာ ပြ၍ ပိုမို ကောက်ခံ ခြင်းမျိုး၊
(ဂ) ပရိကပ္ပါဝဟာရ- ဤ၌
၁- ဘဏ္ဍာပရိကပ္ပခေါ် အထည်အလိပ်ကိုသာ ယူအံ့ဟူကြံစည်လျက် အခန်း တွင်းသို့ ၀င်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကိုထမ်းယူလာလျက် ကြည့်သော အခါ အထည် မဟုတ်ဘဲ ချည်ခင် တွေဖြစ် နေပါအံ့ ပါရာဇိက မကျ၊ အထည်လိပ် ဖြစ်နေ ပါက ပါရာဇိကကျ၏။
၂- သြကာသပရိကပ္ပခေါ်အရပ်ဖြင့် ပိုင်းခြား ကြံစည်၍ ခိုးခြင်းကား ဤခြံဝင်း အတွင်း၌ ငါ့ကို တွေ့မြင် ပါမူ ဤပစ္စည်း ဥစ္စာကို ဤခြံဝင်း အတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာ သယောင် ဆောင်၍ ပြန်ပေး လိုက်အံ့၊
အကယ်၍ တစ်စုံတစ်ယောက် နှင့်မှ မတွေ့ရပါမူ ခိုးယူ သွားအံ့ ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး၊ အပိုင်းအခြား လွန်သည်နှင့် ပါရာဇိက၊
(ဃ) ပဋိ စ္ဆန္နာဝဟာရ- ပန်းခြံ ရေချိုးဆိပ်စသည်တို့၌ သူတစ်ပါး ချွတ်ချ ထားသော ဘဏ္ဍာကို ခိုးလိုစိတ်နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ခိုးယူခြင်းမျိုး၊
(င) ကုသာ ၀ဟာရ- မဲလိပ် စာရေးတံစသည်တို့ကို မိမိသို့ အကောင်း ရရန် ကြံစည်လျက် တစ်စုံတစ်ခုသော နည်းပရိယာယ်ဖြင့် ခိုးယူခြင်းမျိုး၊ ထေယျာ ၀ဟာရ ပဉ္စကပြီး၏။

ခိုးခြင်း ပယောဂမျိုး ၆-ပါး။ ။ (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊ (၂) အာဏတ္တိက စေခိုင်း၍ ခိုးခြင်း၊ (၃) နိသဂ္ဂိက- နေရာရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊ (၄) ထာဝရ- တင်းတောင်း လိမ် ချိန်လိမ်စသည်ပြု၍ခိုးခြင်း၊ (၅) ၀ိဇ္ဇာမယ- အမေ့ အဟန့်စသော အတတ်ပညာဖြင့်ခိုးခြင်း၊ (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

ခိုးသူကြီးတို့ လိုက်နာ စောင့်ထိန်းအပ်သော အင်္ဂါ ၈-ပါး။ ။ဤအင်္ဂါရှစ်ပါးကို စောင့်ထိန်းသော ခိုးသား ကြီးများသည် ရက်-လ-နှစ်ရှည်- တည်တံ့နိုင်သည်၊ ဤအင်္ဂါရှစ်ပါးနှင့် မပြည့်စုံသောခိုးသား ဓားပြတို့ကား- ရက်-လရှည်မတည်၊ လျင်မြန်စွာ ပျက်စီးတတ်သည်ဟု အင်္ဂုတ္တရပါဠိတော်တတိယအုပ်- (၁၅၃)၌ ဟောတော်မူသည်။
(၁) မိမိ၏ ရန်သူမဟုတ်သည့် အသက်အရွယ်ကြီးသူ၊ကလေးသူငယ်၊ အကျင့်သီလဂုဏ် ရှိသူ၊တို့ကိုရိုက်နှက် ပုတ်ခတ်မှု မပြခြင်း၊
(၂) ပစ္စည်းဥစ္စာကို အကုန်မယူခြင်း၊
(၃) မိန်းမကို မသတ်ခြင်း၊
(၄) အမျိုးသမီးတို့ကို မဖျက်ဆီးခြင်း၊
(၅) ရှင် ရဟန်းတို့ကို မလုရက်ခြင်း၊
(၆) မင်းဘဏ္ဍာတိုက်ကို မလုရက်ခြင်း၊
(၇) ရွာ-နိဂုံးမင်းနေပြည်အနီး၌ မလုရက် မတိုက်ခိုက်ခြင်း။

သူခိုး ဒါးပြ သူပုန်တို့၏ မှီခိုအားထားရာကြီး ၅-ပါး။ ။ လူသားတို့ငြိမ်းဧချမ်းသာမှု အတွက် တိုင်းပြည် မြို့ရွာ နယ်ပယ် အုပ်ချုပ် ထိန်းသိမ်းကြသော မင်းစိုးရာဇာတို့ သိထားရန်။ အင်္ဂုတ္တရ ။ပါ။ ဒု-အုပ်။ ၁၁၃-၌အကျယ်ရှုပါ။
(၁) အသွားအလာ ခက်သည့် ရေလယ်ကျွန်း၊ တောင်ကြားချောက်ကြား၊ ရှို-မြောင် မညီညွတ်သော ခရီးခက်အရပ်ကို မှီနေတတ်ကြသည်၊
(၂) ထူထပ်သည့် ကိုင်းတော ကျူတော၊ ပင်ချင်း ယှက်သည့် တောအုပ်ကြီး စသည့် အရပ်မျိုး၊
(၃) တစုံတယောက်က ဖေါ်ပြောလျှင် မင်းအမတ် မှုထမ်း ရာထမ်းတို့က အပြစ်ကို ကာကွယ်ဖုံးအုပ် ပေးရန် ၎င်းတို့နှင့် ကြိုတင်၍ အကျွမ်းတ၀င် အမှီတံကဲ ပြုလုပ်ထားခြင်း၊
(၄) မိမိတို့အပြစ်ကို ဖေါ်ပြောထုတ်ဆိုမည့်သူများအား နှုတ်ပိတ်ခ ပစ္စည်း ဥစ္စာ ပေးကမ်းရန်၊
(၅) မိမိတို့၏ လျှို့ဝှက်တိုင်ပင်မှု မပေါက်ကြား စေရန် အထူး လုံခြုံသော နည်းလမ်း ဥပါယ်တို့ ဖြစ်၏။


                                     
အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှု အပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄)အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကိုမရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာဥစ္စာကိုမရနိုင်ခြင်း။
                                               
                                                ကာမေသုမိစ္ဆာစာရ

ကာမေသုမိစ္ဆာစာရ အင်္ဂ ၄-ပါး။ ။ ကာမကိစ္စ၌ ကံမြောက်နိုင်သည့်အင်္ဂါလေးပါး-
(၁) အ ဂမနိယ ၀တ္ထု ၂၀-တို့တွင်ပါဝင်ခြင်း၊
(၂) ကျင့်ပြု မှီဝဲလိုစိတ်ရှိခြင်း၊
(၃) ရနိုင်သောနည်းဖြင့် လုံ့လလည်းပြုခြင်း၊
(၄) ပြုကျင့်ခြင်းကိုလည်း သာယာခြင်း။

ကာမေသုကံ၊ ကျိုးပြစ်ဒ်ဒဏ်၊ ထိမိမှန် ၁၅-ပါး။ ။ သူ့သားမယား၌ သွားလာ လွန်ကျူး သူတို့ ရရှိသော မကောင်းကျိုးအပြစ်ဆယ့်ငါးပါးဟူ၏။ ထိုထို ကျမ်းစာ တို့၌ အမျိုးမျိုး လာရှိသည်။
(၁) အပါယ် ၄-ပါးသို့လားရခြင်း၊
(၂) မိန်းမ ပဏ္ဍုက်ဖြစ်ရခြင်း၊
(၃) ရန်သူနှင့်တွေ့ရခြင်း၊
(၄) လူအများ မုန်းခြင်း၊
(၅) စား ၀တ် အိပ်ယာရခဲခြင်း၊
(၆) ဆင်းဆင်းရဲရဲ အိပ်ရ နိုးရခြင်း၊
(၇) အမျက်ဒေါသကြီးခြင်း၊
(၈) လောကုတ္တရာတရား မရရှိနိုင်ခြင်း၊
(၉) စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
(၁၀) ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
(၁၁) ဘေးတွေ့ရခြင်း၊
(၁၂) ယုံမှားသံသယများခြင်း၊
(၁၃) ချစ်သူတို့နှင့် ခွဲနေရခြင်း၊
(၁၄) အသက်တိုခြင်း၊
(၁၅) ဆင်းရဲကြီးစွာတွေ့ရခြင်း။

အုပ်ထိန်းသူ ရှိသော မိန်းမ ၂၀။ ။ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာ အပ်သော မိန်းမ ၂
(၁) မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘအုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
(၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) ဝတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ်စောင့်ရှောက်အုပ်ထိန်းသေမိန်းမ။

(မှတ်ချက်။ ။ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာ လွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည် ဟူ၏။)
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ (လက်ထပ်ပြီးသူ)၊လင်အုပ်ထိန်းသောမိန်းမ၊
(၁၀) သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊မယားမြောက်ကြောင်း ဆယ်ပါး
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ ၀ါသိနီ-သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍ နေသော မိန်းမ၊
(၁၅) သြဒ ပတ္တကိနီ-ရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉) ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖေါ်ရန် ငှားရမ်း ထားသော ခေတ္တမယားဖြစ်သူမိန်းမ။
(မှတ်ချက်။ ။ ၎င်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိ မယားဖြစ်၍ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏၊ အကျယ်ကို လိုမူ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ ဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ မူလဋီကာမှာ ရှုပါလေ။)

မယားခိုး အပြား ၇-ပါး။ ။မယားခိုးမှု စီရင်ရာ၌ မနုဓမ္မသတ်အလို အောက်ပါ ခုနှစ်ပါးကို ပြသည်-
(၁) ဟတ္ထဂ္ဂါဟ-လက်စသည်ကိုင်တွယ်သုံးသပ်ခြင်း၊
(၂) ဃရ ပတ္တ-လင်မရှိခိုက် အိမ်သို့ သွားယောက်ခြင်း၊
(၃) ဂုယှဋ္ဌာန-လုံခြုံသောအရပ်၌ ကာမနှင့်စပ်သောစကားတို့ကိုဆိုခြင်း၊
(၄) သလ’ာပ-ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း၊
(၅) သေနိ-တင်းတိမ်၊ခြင်ထောင်တွင်းသို့ ၀င်ရောက်ခြင်း၊
(၆) ဒွါရ-တိုက်တံခါးအတွင်းသို့ ၀င်ရောက်ခြင်း၊
(၇) သေယျ-အိပ်ရာခန်းသို့ဝင်ရောက်ခြင်း။



 မေထုန် ၂-ပါး၊ မျိုးအပြား၊ ခွဲခြား မိန့်ဆိုဘိ။ ။
(၁) မေထုန်ကြီး-မိန်းမ ယောက်ျား ကာယကံမြောက် အင်္ဂါဇာတ် အချင်းချင်း သွားလာမှီဝဲခြင်းမျိုး၊
(၂) မေထုန်ငယ်- မိန်းမ ယောက်ျား ရသေ့ စိတ်ဖြေအားဖြင့် ကိုယ်လက်သုံးသပ် ပြုမူသာယာမှုမျိုး။

မေထုန် ငယ် ၇-ပါး။ ။သတ္တင်္ဂုတ္တရ။ပါ။ ၄၃၈။ဋ္ဌ။ ၁၆၇-၌ အကျယ်ရှု။ အဗြဟ္မစရိယ သိက္ခာပုဒ်တော်၏ ညှိုးနွမ်း ပေါက်ကြားမှုမျိုး ၇-ပါး၊ မိန်းမ ယောက်ျား ၂-ဦးလုံး အတွက် အပြန်အလှန် ယူရမည်။
(၁) မာတုဂါမ၏ ပွတ်တိုက်ဆုပ်နယ်နှိပ်ပေးမှု၌ သာယာခြင်း၊
(၂) မာတုဂါမနှင့် ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ နေရသည်ကို သာယာခြင်း၊
(၃) မျက်နှာချင်းဆိုင်၍ အားပါးတရ ကြည့်ရှုနေရမှုကို သာယာခြင်း၊
(၄) မျက်ကွယ်ရာ အနီးအနားက ၎င်းင်းတို့၏ ပြောသံ ဆိုသံ ရယ်သံကိုကြား၍ သာယာစွာ နားစိုက် ထောင်ခြင်း၊
(၅) ရှေးအခါက မာတုဂါမနှင့် ပျော်ပျော်ကြီး ပြုမှုနေထိုင် ကျင့်ကြံမှု မျိုးစုံကို တွေးတော အောက်မေ့ သာယာခြင်း၊
(၆) သူတပါးတို့ ပြုမူကျင့်ကြံ ခံစားနေမှုကိုမြင်ရ၍ သာယာခြင်း၊
(၇) ယခု ဘ၀ အားထုတ်ရသော သီလကုသိုလ်ကြောင့် နောက်ဘ၀၌ နတ်မင်းကြီး ဖြစ်ပြီး နတ်သမီး နတ်သားများစွာတို့နှင့် ပျော်ပါးရန် မြှော်လင့် လျက် သာယာနေခြင်း။

မေထုန် မမှီဝဲ အပ်သော မိန်းမ ၁၄-ပါး။ ။ထို ဆယ့်လေးယောက်တို့တွင် အချို့ ကား ကျန်းမာရေးကို ထိခိုက်စေ၍ အချို့ကာ ဘာသာတရားနှင့် လောက၀တ် ဥပဒေများက တားမြစ်၍ အပြစ် ရှိသည်၊
အမရိတ ဘေသဇ္ဇကျမ်းမှ၊ ဥတုလာနေသူ၊ အလိုမရှိသူ၊ ညစ်နွမ်း မသန့်စင်သူ ၊ မချစ်ခင်သူ၊ ပြည့်တန်ဆာမ၊ အရွယ်ကြီးရင့်သူ၊ ရောဂါသည်မ၊ ကိုယ်အင်္ဂါ ချို့တဲ့သူ၊ ကိုယ်ဝန်ဆောင်မ၊ ရန်သူမ၊ အင်္ဂါဇာတ်၌ အနာရှိသူ၊ လင်ရှိသူ ၊ မာတုရက္ခိတ စသည်ရှိသူ၊ သီလရှင်မ။ (မိမိရဲ့ ဇနီးသည်ပင် ဖြစ်စေကာမူ ထို ၁၄ယောက် စာရင်း ၀င်နေလျက် မေထုန် မှီဝဲသော် ကာမေသု မိစာ စာရကံ ထိုက်သည်ဟုလည်း မှတ်သား ဖူးပါသည်။

မေထုန် မှီဝဲလွန်မှု အပြစ် ၈-ပါး။ ။ကာမသျှတြကျမ်း ။ (၁) ဘုန်းကံ ယုတ်လျော့ခြင်း ၊ (၂) ဉာဏ်ပညာ ယုတ်လျော့ခြင်း၊ (၃) ခွန်အားဗလ ယုတ်လျော့ခြင်း၊ (၄) အသား၊ အရေ၊ ဦးခေါင်း ပူလောင်ခြင်း၊ (၅) အရောင် အဆင်း ဖျော့တော့ ပျက်စီးခြင်း၊ (၆) ချောင်းဆိုး သွေးပါ အဆုပ်နာ
မြစ်ချောက် ရောဂါ စွဲကပ် တတ်ခြင်း၊ (၇) အပြင်အပရောဂါလွယ်ကူစွာ ကူးစက်နိုင်ခြင်း၊ (၈) အသက် တိုခြင်း။

                                               
မုသာဝါဒ


မုသာဝါဒ အင်္ဂါ ၄-ပါး။ ။လူများ မုသာဝါဒသိက္ခာပုဒ် ပျက်စီးခြင်းအင်္ဂါ ၄-ပါး၊ ၎င်း အင်္ဂါ၎-ပါးနှင့်ပြည့်စုံမှ သိက္ခာပုဒ်ပျက်သည်။
(၁) အတထ- မမှန်သော ၀တ္ထု၊
(၂) ၀ိ သံဝါဒ စိတ္တ- မှားယွင်းစေလိုသော စိတ်၊
(၃) တဇ္ဇ ၀ါယမ- ထိုစိတ်အားလျှော်သော ကိုယ် နှုတ် လုံ့လပြုခြင်း၊
(၄) တဒတ္ထ ဇာနန- သူလိမ်တိုင်း သိရှိ ယုံကြည်ခြင်း။

မုသာဝါဒကံရဲ့ မကောင်းကျိုး ၁၆-ပါး။ ။မဟုတ်မမှန် လိမ်ညာ ပြောသူတို့ရရှိ ခံစားရသော အပြစ်မျိုး ဆယ့်ငါးပါး ဟူ၏၊ ခုဒ္ဒကပါဌ အဋ္ဌကထာမှ။
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။

                                     

သုရာ မေရယ

အရက်သောက်ခြင်းအပြစ် ၆-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၄၈။ ဋ္ဌ။ ၁၂၇။ ဤ၌ မျက်မှောက် လောက ပြစ် ၆-ပါးကို ဖြေဆိုလိုက်သည်၊ သံသရာ ပြစ်လည်း ကြီးလေးလှ၏။

ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျောစောမဲ့တုံ၊ မလုံ အင်္ဂါ၊ ပညာ နည်းရှား၊ ဤ ၆- ပါးကား၊ သောက်စား သေစာ အပြစ်တည်း။

အရက်မျိုး ၅-ပါး။ ။ လူမပြုသော်လည်း အလိုအလျောက် ဖြစ်နေ တတ်သော မေရယခေါ် အရက်မျိုး ငါးပါး။
(၁) ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
(၂) ဖလာသ၀- သစ်သီးရည်မှဖြစ်သော အရက်၊
(၃) မဓွာသ၀- မုဒရက်ရည်မှ ဖြစ်သော အရက်၊
(၄) ဂုဠာသ၀- ကြံရည်မှ ဖြစ်သော အရက်၊
(၅) သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့ စုပေါင်း၍ ဖြစ်သော အရက်။


 သီလမရှိလျှင်


   ပညာရှိလျှက် သိလမရှိလျှင်
  အသီးမရှိသောအပင် နှင့်တူ၏ ။
  စာပေပို့ချနိုင်လျှက် သီလမရှိလျှင်
  အသီးမချိုသော သစ်ပင်နှင့်တူ၏ ။
  အဆိပ်သီးပင်နှင့်တူ၏ ။
                                                         (အရှင်ဇာဂရဘိဝံသ)

မျတ်ချက် ။   ။ ယခုရေးသားထားခြင်းများသည် အင်တာနက်ပေါ်ရှိ ဓမ္မ ဆိုဒ်များမှပြန်လည်ကူးယူဖေါ်ပြ   ထားခြင်းဖြစ်ပါသည်။