သတ္တဝါတို့သည်
သံသရာတွင်ကျင်လည် နေသူများးဖြစ်၏ ။သံသရာသည်အပြောကျယ်သော
သမုဒ္ဒရာနှင့်တူ၏ သမုဒ္ဒရာသည်ဘေးဘျမ်း
အတိပြီး၏ နှစ်သက်စရာမဟုတ် ။ သံသရာ
တွင်ကျင် လည်ခြင်းသည် အပြောကျယ် သော သမုဒ္ဒရာတွင်လက်ပစ်ကူးခြင်းနှင့်တူ၏
။
သမုဒ္ဒရာတွင် လက်ပစ်ကူးသူသည်ငြိမ်းချမ်းရာတစ်ဖက်ကမ်း ရောက် ရေးအတွက်
အသေကောင်ပုပ်ကို
တွေ့လျှင် လည်း အမှီတံကဲ ပြု၏ ၊သစ်တုံးကို တွေ့သောအခါလည်း
အမှီတံကဲပြု၏။သို့ရာတွင်အသေကောင်ပုပ် ကိုတွေ့သောအခါစက်ဆုပ်၏ ။
စက်ဆုပ်သော်လည်း မစွန့်ပစ် ၊ သင့်သလိုအမှီတံကဲအဖြစ်အသုံးပြု၏
၊
သစ်တုံးကို တွေ့သောအခါ ဝမ်းမြောက်၏ ဝမ်းမြောက်သော်လည်း မသိမ်းပိုက် ၊ သင့်သလို
အမှီတံကဲအဖြစ်
အသုံးပြု၏ ။သူ့အတွက် တစ်ဖက်ကမ်းရောက်ရေးသာ အဓိကဖြစ်သည် ။
အသေ ကောင်ပုပ်သည်လည်း အဓိကမဟုတ်
၊ သစ်တုံးသည်လည်းအဓိကမဟုတ် ၊
လက်ပစ်ကူးစဉ်ကာလ အတွင်း အသုံးပြုစရာ တန်ဆာပလာများသာဖြစ်၏
၊
တစ်ဖက်ကမ်းကုန်းထက် သို့ရောက်ပါက အသုံးပြုစရာ တန်စာပလာများသည်
ဘာမျှအသုံးမကျတော့ စွန်းပစ်ရမည်ချည်းဖြစ်၏
။
( ဤသို့မြတ်စွာ ဘုရားသည် မူလပဏ္ဏာ ပါဋိတော်(၁၈၈)ကုလ္လောပမ သုတ်တွင် ဟောကြားတော်မူ၏)
မှတ်ချက် ။ ။ ဆရာကြီး ဦးရွှေအောင် ရေးသားထားသော ကုသိုလ်နှင့် အကုသိုလ် စာအုပ်မှ
နှစ်သက်၍ ပြန်လည်ကူးယူဖေါ်ပြထားသောစာစုလေးဖြစ်ပါသည် ။ ထိုစာစုလေး
သည်လောကီ ဘက်တွင်ပါ အသုံးဝင် သောစုလေးဟုထင်မိပါသည်။
No comments:
Post a Comment