Pages

သီတဂူဆရာတော်(မဂ္ဂင်ရှစ်ပါး၁-၂)

Tuesday, 25 March 2014

မြတ်ဗုဒ္ဓ၏အားတော်(၁၀)ပါးနှင့်ဥာဏ်တော်(၁၀)ပါး

မြတ်ဗုဒ္ဓ၏အားတော်(၁၀)ပါးနှင့်ဥာဏ်တော်(၁၀)ပါး

     မြတ်ဗုဒ္ဓသည်လူသား စစ်စစ်ဖြစ်သော်လည်း သာမန်လူသားမဟုတ် ၊ တုနှိုင်း၍ မရသောမဟာလူသားပေတည်း။ အဘယ်ကြောင့်ထိုသို့ဆိုရသနည်း ၊မြတ်ဗုဒ္ဓ၏ အားတော် ၊ ဥာဏ်တော်တို့သည် သာမန်လူသား တို့၏အားဥာဏ်နှင့်မတူ သောကြောင့်ပေတည်း ။ မြတ်ဗုဒ္ဓ ကို အာရုံပြုကြည်ညိုလိုလျှင် ထိုအားတော် ဥာဏ်တော်တို့ကို အာရုံပြုကြည်ညိုမှ ပိုမိုအနှစ် သာရပြည့်စုံမည်ဖြစ်ပေသည်။


     မြတ်ဗုဒ္ဓ သည် ကာယဗလ ဘက်တွင် အားဆယ်ပါးရှိ၏ ၊ ယင်းအားတော်တို့ကို ဆင်ဆယ်မျိုးဖြင့် နှိုင်းယှဉ်ဖေါ်ပြမှ ပေါ်လွင်ထင်ရှားသိသာပေမည် ။
(၁)        ပကတိလူ (၁၀)ယောက် ၏အားသည် ကာဠာဝက မည်သော ဆင်မဲတစ်ကောင်၏အားနှင့်ညီသည် ။
(၂)        ထိုကာဠာဝကဆင် (၁၀)ကောင်၏အားသည် ဂင်္ဂေယျဆင် တစ်ကောင်၏အားနှင့် ညီမျှသည်။
(၃)        ထိုဂင်္ဂေယျဆင် (၁၀)ကောင်၏ အားသည် ဖျော့တော့သောအဆင်းရှိသည့် ပဏ္ဍရဆင် တစ်ကောင်၏                အားနှင့်ညီသည်။
(၄)        ထိုပဏ္ဍရဆင်(၁၀)ကောင်၏အားသည် ကြေးနီရောင်အဆင်းရှိသည့် တမ္ဗဆင် တစ်ကောင်၏အားနှင့်ညီ သည်။
(၅)        ထိုတမ္ဗဆင်(၁၀)ကောင်၏အားသည် ကြောင်သောအဆင်းရှိသည့် ပိင်္ဂလဆင် တစ်ကောင်၏အားနှင့်ညီ သည်။
(၆)         ပိင်္ဂလဆင်(၁၀)ကောင်၏အားသည်အနံ့မွှေးသော ဂန္ဓဆင် တစ်ကောင်၏အားနှင့်ညီသည်။
(၇)        ထိုဂန္ဓဆင်(၁၀)ကောင်၏အားသည်  တင့်တယ်စွာသွားတတ်သော မင်္ဂလဆင်တစ်ကောင်၏အား နှင့်ညီသည်။၏
(၈)        ထိုမင်္ဂလဆင်(၁၀)ကောင်၏အားသည် ရွှေရောင်အဆင်းရှိသော ဟေမဆင် တစ်ကောင်၏အားနှင့် ညီသည်။
(၉)       ထိုဟေမဆင်(၁၀)ကောင်၏အားသည် ကောင်းကင်ပျံဆင်ဖြူမျိုးဖြစ်သော ဥပေါသထဆင် တစ်ကောင် ၏အားနှင့်ညီမျှ၏ ။
(၁၀)     ထိုဥပေါသထဆင်(၁၀)ကောင်၏အားသည် အစွယ်မှ အရောင်(၆)မျိုးထွက်သော ဆဒ္ဒါန်ဆင်ဖြူတော် တစ်ကောင်၏အားနှင့်ညီမျှ၏။
မြတ်ဗုဒ္ဓ၏အားတော်ကား ထိုဆဒ္ဒါန်ဆင်ဖြူတော် (၁၀)စီး အားရှိသည်။
ကာဠာဝကဆင်၏အားနှင့် နှိုင်းယှဉ်လျှင် မြတ်ဗုဒ္ဓ၏ အားတော်သည် ကာဠာဝကဆင် ကုဋေတစ်ထောင်၏ အားနှင့်ညီမျှပေသည်။ပကတိလူသား၏ အားနှင့်ယှဉ်လျှင် ပကတိလူပေါင်း ကုဋေတစ်သိန်း၏အာနှင့် ညီမျှကြောင်း သိရှိမှတ်သားနိုင်ပေသည်။
            ထို့ကြောင့်မြတ်ဗုဒ္ဓ၏အားတော်သည် သာမန်အားမဟုတ်ပေ သုံးလောကတွင်တုနှိုင်းမဲ့ခွန်အားဗလရှင်ဖြစ်တော် မူပေသည်။မည်သူမျှမတုနိုင်၊မတုပနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ပေသည်။ထို့ကြောင့်ပင်လူ၊နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းဖြစ်ပေသည်။


             မြတ်ဗုဒ္ဓသည် ဥာဏ်တော်ရှုထောင့်မှကြည့်လျှင်လည်း သုံးလောကတွင် တုမမြင် နှိုင်းမရအောင် အထူးမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူပေသည်။ မည်သူတွေဥာဏ်ဘယ်လောက်ကောင်းကောင်း ၊ဥာဏ်ဘယ်လောက်ထက်ထက် မြတ်ဗုဒ္ဓ၏ ဥာဏ် တော်ကိုကားလိုက်၍မမီနိုင်ပေ။
မြတ်ဗုဒ္ဓတွင်ဥာဏ်တော်(၁၀)ပါးရှိ၏၊ ယင်းတို့မှာကား-
               (၁)        အကြောင်းဟုတ်၊မဟုတ်ကို သိသောဥာဏ်တော်(ဌာနာဌာနကောသလ္လဥာဏ်တော်)
               (၂)        ကောင်းကျိုး၊မကောင်းကျိုးကိုသိသောဥာဏ်တော်(ဝိပါကဥာဏ်)
               (၃)        သတ္တဝါတို့လားရာရောက်ရာကို သိသောဥာဏ်တော်(သဗ္ဗတ္ထဂါမိနီပဋိပဒါဥာဏ်)
               (၄)        အထူးထူးသောဓါတ်သဘောတို့ကို သိသောဥာဏ်တော်(အနေကဓါတုနာနာဓါတုဥာဏ်)
               (၅)        သတ္တဝါတို့၏အလိုဆန္ဒအားလုံးကို သိသောဥာဏ်တော်(နာနာဓိမုတ္တိကဥာဏ်)
               (၆)        လူတို့၏ က္ကုနြေ္ဒအနုအရင့်ကို သိသောဥာဏ်တော်(က္ကုန္ဒြိယပရောပရိယတ္တဥာဏ်)
(၇)        ဈာန်၊ဝိမောက္ခ၊သမာဓိ၊ သမာပတ် စသည်တို့၏ညစ်ညူကြောင်းကို သိသောဥာဏ်တော်  (ဈာနဝိမောက္ခသမာဓိ သမာပတ္တိဥာဏ်)
(၈)        ရှေးဖြစ်ဟောင်းဘဝ ခန္ဒာစဉ်ကို  သိသောဥာဏ်တော် (    ပုဗ္ဗေနိဝါသာနုသာတိဥာဏ်)
(၉)        သတ္တဝါတို့၏ စုတေခြင်း၊ပဋိသန္ဓေနေခြင်း တို့ကိုသိသောဥာဏ်တော်(စုတူပပါတ သို့မဟုတ်  ဒိဗ္ဗစက္ခုဥာဏ်)
(၁၀)      အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော ဥာဏ်တော်(အာသဝက္ခယဥာဏ်)။
ဟူ၍ဖြစ်ပါသည်။  

(ဗုဒ္ဓဘာသာကောင်း တစ်ယောက် စာအုပ်မှ ပြန်လည် ကူးယူရေးသားထားခြင်းဖြစ်ပါသည်။) 
---------AAM--------  
           

    

Tuesday, 18 March 2014

တစ်ကြိမ်မှာတစ်ခု

တစ်ကြိမ်မှာတစ်ခု

ကျွန်တော်မိတ်ဆွေတစ်ယောက်က လူသူရှင်းလင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူ့အတွေ့အကြုံအဖြစ်အပျက်တစ်ခုကိုပြောပြသည်။
နေဝင်ဆည်းဆာအချိန် ကမ်းခြေမှာသူတစ်ယောာက်တည်းလျှောက်သွားနေရင်းက ဟိုးအဝေးဆီမှာလူတစ်ယောက်လှမ်းမြင်ရသည်။နည်းနည်းနီးလာတော့ဒေသခံ တစ်ယောက်ဖြစ်ကြောင်းသတိပြုမိသည်။ သည်တစ်ယောက်က ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့်သွားနေရာက တစ်စုံတရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။သည်နောက်အဲဒီလိုဘဲ  နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက်လုပ်နေသည်။ 
သူ့အနားရောက်သွားပြီးသေသေချာချာ ကြည့်တော့လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့်  ကြယ်ငါးတွေကိုရေထဲပြန်ပစ်ထည့်နေခြင်း ဖြစ်ကြောင်းသိရှိရသည်။
သည်လူဘာရည်ရွယ်ချက်နှင့်လုပ်နေသလဲ စဉ်းစားမရဖြစ်သွားသည်။သို့နှင့်သူ့ကိုနှုတ်ဆက် ပြီးတည့်တည့်ပင်မေးကြည့်သည်။ 
ထိုသူကပြောသည် ကြယ်ငါးတွေသမုဒ္ဒရာထဲပြန်ပို့ပေးနေတာလေ၊  
ခင်ဗျားမြင်တဲ့အတိုင်းဘဲ ၊ အခုဒီရေကျချိန်သောင်ပြင်မှာ တင်ကျန်ခဲ့တဲ့ ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင်အကြာကြီး စောင့်နေရမှာ
ဒါပင်မဲ့ အဲဒီလောက်ကြာရင်အောက်ဆီဂျင်ပြတ်ပြီးသေမှာပဲ ဟုပြောလေသည်။
ဟုတ်ကဲ့အဲဒီလောက်တော့ ကျွန်တော်လည်းသဘောပေါက်ပါတယ် ဟုကျွန်တော်မိတ်ဆွေကပြန်ပြောသည်။ ကျွန်တော်မိတ်ဆွေကပင်ဆက်ပြီး
ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေထောင်ချီပြီးရှိနေမှာပေါ့ဗျာ
အဲဒီကောင်တွေအားလုံးခင်ဗျားဘယ်လိုလိုက်ကောက်မလဲ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ ၊ပြီးတော့စဉ်းစားကြည့် ဒီကမ်းရိုးတမ်း တစ်လျှောက် လုံးဆိုရင်အခုလိုသောင်ပြင်ပေါင်းရာနှင့်ချီရှိမှာပေါ့။ဒီသောင်စပ်တိုင်းမှာ  ရှိတဲ့ကြယ်ငါးတွေဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနှင့်သူဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့်ဘာတွေထူးခြား ပြောင်းလဲသွားနိုင်မလဲ. . .
ဒေသခံပုဂ္ဂိုလ်ကပြုံးသည်။ နောက်ထက်ကြယ်ငါးတစ်ကောင်ကောက်တယ်။ ထို့နောက်
အခြားကောင်တွေအတွက်မထူးခြားပေမယ့် ဟော့ဒီကြယ်ငါးတစ်ကောင်အတွက် ထူးခြားသွားတာပေါ့ဟုဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။

(ဒီရသစာစုလေး ဟာဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ စာအုပ်မှာ ဖတ်ရလို့ နှစ်သက်ပြီး  ပြန်လည်ရေးသားဖေါ်ပြလိုက်တာပါ  ။ ဒိစာစုလေးကိုဖတ်ရင်းကျွန်တော်လည်း တစ်ခုတွေးမိတယ် ကျွန်တော်တို့ နိုင်ငံ ၊ ကျွန်တော်တို့မြို့ ကျွန်တော်တို့ ရပ်ကွပ် တွေမှာ  ပညာမသင်ကြားနိုင်တဲ့ကလေးတွေ၊ အဝတ်အစားချို့တဲ့ သည့်လူတွေ ထမင်းကိုနပ်မှန်အောင်မစားနိုင်တဲ့သူတွေ အများကြီးရှိနိုင်ပါတယ် အဲဒီလူတွေအများကြီးထဲက တစ်ယောက်ယာက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် ကိုယ်တက်နိုင်သလောက် ကူညီးပေးကမ်းနိုင် မယ်ဆိုရင် ထိုစာစုလေးထဲကလိုပဲ 
 တစ်ကြိမ်မှာတစ်ယောက် ပေါ့)