Pages

သီတဂူဆရာတော်(မဂ္ဂင်ရှစ်ပါး၁-၂)

Tuesday 7 January 2014

ဥပါသကာဂုဏ် (၁၀) ပါး

ဥပါသကာဂုဏ် (၁၀) ပါး



ဥပါသကာ

    ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို (ဥပါသကာ)ဟုခေါ်၏၊ အမျိုးသမီးဖြစ်လျှင် (ဥပါသိကာ)ဟုခေါ်၏ ။
     လူပုဂ္ဂိုလ်တို့သည် မိမိ၏ ခန္ဒာကိုယ်နှင့် အသက်ကို မငဲ့ကွက်ဘဲ ရတနာမြတ် သုံးပါးအားပေး လှူခြင်း၊ရတနာမြတ်သုံးပါး အပေါ်တွင် ယုံကြည်ကိုးစားအားထားခြင်း ၊ ရတနာမြတ် သုံးပါး၏ တပည့်သားအဖြစ်စွဲမှတ်ခံယူခြင်း ၊ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခိုးမှု ၊ ရိုသေကိုင်းရှိုင်းမှု ပြုခြင်းစသောနည်းလမ်း တို့ဖြင့်  ရတနာမြတ် သုံးပါးကို ကိုးကွယ် ဆည်းကပ် တတ်သောပုဂ္ဂိုလ်(ဥပါသကာ၊ဥပါသိကာမ)အဖြစ်သို့ရောက်ရှိကြသည်။ ထိုသို့ ဥပါသကာ  ဖြစ် 
ပြီး သူများကို ဗုဒ္ဓဘာသာဝင် သူတော်စင် ဟုသတ်မှတ်ရသည်။ 

Wednesday 1 January 2014

ဒုစရိုက်နှင့်သုစရိုက်


ဒုစရိုက်နှင့်သုစရိုက
ဒုစရိုက်တရား(၁၀)ပါး    ကာယဒုစရိုက်-ကာယကံ(၃)ပါး၊ ဝစီဒုစ ရိုက်-ဝစီကံ(၄)ပါး၊ မနောဒုစရိုက်-မနောကံ(၃)ပါး။
ကာယဒုစရိုက်-ကာရကံ(၃)ပါး  ။(က)ပါဏာတိပါတ =သူ့အ သက် သတ်မှု။(ခ)  အဒိန္နာဒါန=အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မပေးအပ်သော သူ့ဥစ္စာကိုခိုးမှု။(ဂ)ကာမေသုမိစ္ဆာစာရာ=ကာမဂုဏ်တို့တွင်ယုတ် ယုတ် မာမာကျင့်မှု။
၂။   ဝစီဒုစရိုက်-ဝစီကံ(၄)ပါး။   ။  (က) မုသာဝါဒ = မုသားပြောဆိုမှု ။
 (ခ) ပိသုဏာဝါစာ = ချောပစ်ကုန်းတိုက်မှု(ချစ်သူနှစ်ဦးကွဲသွားအောင် (သို့) မိမိအားချစ်လာအောင်ချစ်သူနှစ်ဦးကို ရန်တိုက်ပေးမှု)။
 (ဂ) ဖရုသဝါစာ = ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာဆဲဆိုမှု
 (ဃ)သမ္ဖပ္ပလာပ= ပြိန်ဖျင်းသော စကားကိုပြောဆိုမှု ။
၃။   မနောဒုစရိုက်-မနောကံ(၃)ပါး ။  ။(က) အဘိဇ္ဈာ = သူတပါး စည်း စိမ်ကိုငါဟာဖြစ်လျှင်ကောင်းလေစွဟုမတရားကြံစည်မှု။ (ခ)ဗျာပါဒ = သေကျေပျက်စီးသွားလျှင်ကောင်းလေစွဟုသူတပါးကိုပြစ်မှားမှု။
 (ဃ)မိစ္ဆာဒိဋ္ဌိ = အယူမှားမှု(ကံ ကံ၏အကျိုးကိုမယုံကြည်မှု)။
ဤဒုစရိုက်(၁၀)ပါးကိုအပါယ်ရောက်ကြောင်းမကောင်းသောခရီး
လမ်းအကုသလကမ္မပထတရားဟုလည်းခေါ်၏။ယင်းအကုသလမ္မ
ပထတရား(၁၀)ပါးကို -
      (၁) ကိုယ်တိုင်ပြုလုပ်ခြင်း။
      (၂) သူတပါးကိုပြုလုပ်ခိုင်းခြင်း။
      (၃)  ဒုစရိုက်ပြုလုပ်လျှင် ရနိုင်မည့်လောကီအကျိုးကို ပြောပြ၍
            တိုက်တွန်းခြင်း။
      (၄) သူတပါးတို့အလိုလျှောက်ပြုလုပ်နေသည်ကိုဝမ်းမြောက်သ
            ဘောတူခြင်း။
ဤလေးမျိုးတို့ဖြင့်မြှောက်လိုက်လျှင်ဒုစရိုက်(၄၀)ဖြစ်လာ၏။
*** သက် သတ် ၊ခိုးမှု ၊ကာမေသု၊ သုံးခုကာယကံ
*** လှည့်စား၊ရန်တိုက်၊မိုက်မိုက်ကန်းကန်း၊နှုတ်ကြမ်း
     လေ့ခြင်း၊ပြိန်ဗျင်းစကား၊ပြောဆိုငြား၊လေးပါးဝစီကံ
*** သူ့ဥစ္စာမှန် ၊ မတရားကြံ၍၊ဖေါက်ပြန်သေကျေ၊ပျက်
     စေလိုငြား၊အယူမှား၊သုံးပါးမနောကံ
                           (ဆရာတော်ဦးဇနကာဘိဝံသ)